Home
မြန်မာသတင်း
၁၉၂၀ ၀န်းကျင်ထုတ် ရေနွေးငွေ့စက်ခေါင်းကို ရှားပါးလူစီးတွဲနှင့် ပြန်သုံး
DVB
·
March 24, 2019
ကမ္ဘာကျော် ရေနွေးငွေ့ စက်ခေါင်းတွေထဲက တခုဖြစ်တဲ့ Flying Scotsman ကို နှစ်ပေါင်း ၅၀ အကြာမှာ ပထမဆုံးအကြိမ်  ရှားပါးလူစီးတွဲနဲ့ တွဲဖက်ပြန်လည်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ၁၉၂၀ ၀န်းကျင်ထုတ် ရေနွေးငွေ့စက်ခေါင်းကို Car 14 လို့ လူသိများတဲ့  ၁၉၄၀ ၀န်းကျင်ထုတ် လူစီးတွဲ၊ တခြားတွဲ ၆ တွဲနဲ့ချိတ်ပြီးပြေးဆွဲမှာပါ။ အဲဒီ Flying Scotsman  ကို ဗြိတိန် စီးပွးရေးလုပ်ငန်းရှင်တဦးက ၁၉၇၃ ခုနှစ်မှာ အမေရိကန်နိုင်ငံကနေ ဗြိတိန်ကို ပြန်လည်သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ Car 14 ကိုတော့ ဘုတ်အဖွဲ့အစည်းဝေး ခန်းအဖြစ် အသုံးပြုပြီးနောက် ၂၀၀၇ ခုနှစ်မှာ ဆန်ဖရန်စစ္စကိုကနေ သယ်ဆောင်ခဲ့ပါတယ်။ အဲဒီ ရေနွေးငွေ့စက်ခေါင်းနဲ့ လူစီးတွဲကို အင်္ဂလန် အနောက်တောင်ပိုင်း ဆွမ်းနေ့ဂ်ျမြို့နဲ့ မြောက်ပိုင်းမြို့တွေအကြား မတ်လ ၂၂ ရက်နေ့ကနေ ၂၆ ရက်ျေန့အထိ တနေ့ကို ၅ ကြိမ် ပြေးဆွဲမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024