ထိုင်း အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ဒီနေ့ စတင်ကျင်းပနေပါတယ်။ ဒီရွေးကောက်ပွဲကို  ဒီမိုကရေစီနဲ့ စစ်အုပ်ချုပ်ရေးကြားက အလျော်အစားကြီးတဲ့ ပြိုင်ပွဲအဖြစ် ရှုမြင်ထားကြပြီး ထိုင်းနိုင်ငံရေး ပါတီတွေဟာလည်း အကြိတ်အနယ် မဲဆွယ်စည်းရုံးနေခဲ့ကြပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေက ဒီရွေးကောက်မှာ လူကြိုက်များပါတီ အာဏာရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။  တရားဝင်မဲဆွယ်စည်းရုံးပွဲမှာ ပထမဆုံး လာရောက်တဲ့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကို “ပါလန်ပရာချာလက်” ပါတီ  ထောက်ခံသူတွေက ကြိုဆိုနှုတ်ဆက်ကြပါတယ်။ စစ်တပ်ထောက်ခံတဲ့ အဲဒီပါတီက  ပရာယွတ်ကို ရွေးကောက်ပွဲအတွက် ၀န်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းထားတာပါ။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ဖူထိုင်းပါတီကတော့ ဘန်ကောက်မြို့ထဲမှာ သီးခြားစုဝေးပြီး “ပါတီ မဲအပြတ်အသတ် အနိုင်ရအောင် ပြည်သူတွေ မဲပေးကြပါ”လို့ စည်းရုံးခဲ့ကြပါတယ်။ ဖူထိုင်းပါတီဟာ ပါလန်ပရာချာလက်ပါတီကို ဆန့်ကျင်တဲ့ ပါတီတွေကို စုစည်းပြီး “ဒီမိုကရက်တစ် တပ်ဦး” ကို ဦးဆောင်ကြိုးပမ်းနေတာပါ။ ဖူထိုင်းပါတီကတော့ ၀န်ကြီးချုပ်လောင်းအဖြစ် ဆူဒါရက် ကီယူရာဖန်ကို အမည်စာရင်း ပေးထားပါတယ်။ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီဆစ်ကလည်း မတ်လ ၂၂ ရက်နေ့က မဲဆွယ်စည်းရုံးပွဲ အများအပြား လုပ်ခဲ့ပါတယ်။ ဒါ့အပြင် Future Forward လိုထင်ရှားတဲ့ နိုင်ငံရေးပါတီတွေဟာလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြို့အနှံ့ မဲဆွယ်ပွဲတွေ ဆက်လုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up