Home
မြန်မာသတင်း
ဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို ၀တပ်ဖွဲ့ လွှဲပြောင်း
DVB
·
March 24, 2019
ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ အဖွဲ့ငယ်တဖွဲ့နဲ့ WUSA (၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) တပ်မဟာ (၇၇၅) လက်အောက်ခံ တပ်ဖွဲ့တို့ မတ်လ ၃ ရက်နေ့က  ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရားခံတဦးကို မူးယစ်ဆေးဝါးနဲ့အတူ လက်နက်တလက် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးရမိခဲ့သူကို တြိဂံ​ဒေသတိုင်းစစ်​ဌာနချုပ်​ စစ်​ဖက်​​ရေးရာလုံခြုံ​ရေးတပ်​ဖွဲ့တာဝန်​ရှိသူတွေထံ မတ်လ ၂၃ ရက်နေ့က အခမ်းနားနဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဝတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ အနေနဲ့ ၂၀၁၃ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး သုံးစွဲ သယ်ဆောင်ရောင်းဝယ်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီး တအိမ်တက်ဆင်း ရှာဖွေစစ်ဆေး ဖမ်းဆီး အရေးယူဆောင်ရွက်တာတွေ နှစ်စဉ်လုပ်နေပြီး နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေဆီ မူးယစ်ဆေးဝါသယ်ဆောင်သူတွေကို ဖမ်းဆီးအပ်နှံပေးတာ ၅ ကြိမ်ရှိပြီလို့ မူးယစ်တပ်ဖွဲ့မှူး ဦးရန်ကော်ကျုန်းက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ လားဟူတိုင်းရင်းသား ​လော့ကြာ နဲ့အတူ တ​လုံးထိုး​ပြောင်​ရှည်​တ​လက်​၊ တထုပ်ကို တ​ကီလိုလောက်ပါ ICE မူးယစ်ဆေးနှစ်ထုပ်​၊ WYစာတမ်းပါ လိ​မ္မော်​​ရောင်​စိတ်​ကြွ​ဆေးပြား တထုပ်ကို ၆၀၀၀ ​ပြားပါ ၁၀ ထုပ်​၊ တ​ထုပ်​ကို ၁၀၀၀၀ ပြားပါ ၄ ထုပ်​ စုစု​ပေါင်း​ဆေးပြား ၁ ​သိန်းတို့ကို ​လွှဲ​ပြောင်း​ပေးအပ်​ခဲ့တာဖြစ်​ပါတယ်​။ ​အောင်​​ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024