Homeသတင်းဓာတ်ပုံ
၄၃ လမ်း၊ နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေး နိုင်ငံခြားသားတဦး လုပ်အားပေး (ဓာတ်ပုံ)
၄၃ လမ်း၊ နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေး နိုင်ငံခြားသားတဦး လုပ်အားပေး (ဓာတ်ပုံ)
DVB
·
March 23, 2019
အနုပညာရှင်တွေ ပါဝင်တဲ့ CleanUp Challenge ကို ဒီနေ့ မနက်ကစပြီး ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးလမ်းနဲ့ ၄၃ လမ်း၊ နောက်ဖေးလမ်းကြားမှာရှိတဲ့ အမှိုက်တွေကို ရှင်းလင်းနေပါတယ်။
ပရဟိတသမားတွေလည်း ပါဝင်ကြတာ ဖြစ်ပြီး နိုင်ငံခြားသားတဦးလည်း အားတက်သရော ပါဝင်လုပ်အားပေးနေပါတယ်။
ဒီလှုပ်ရှားမှုကို သန့်ရှင်းရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မတ်လ ၆ ရက်ကစလို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။
ပြီးတော့ နိုင်ငံအနှံ့ မြို့တော်တော်များများမှာ စိတ်ဝင်တစား ပါဝင်လှုပ်ရှားကြပြီး အခုတော့ ရန်ကုန်မှာ အနုပညာရှင်တွေပါဝင်တဲ့ ဒုတိယအကြိမ် လှုပ်ရှားမှု ဖြစ်ပါတယ်။
ဓာတ်ပုံ - လွင်မှိုင်း