ဘရက်ဇစ်သဘောတူညီချက်ရရေး အီးယူက အချိန်ထပ်ပေးမည့်အပေါ် ဗြိတိန်ကြိုဆို

အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး (ဘရက်ဇစ်) သဘောတူညီချက်ရဖို့ အချိန်ထပ်မံပေးမယ့် အီးယူဆုံးဖြတ်ချက်ကို ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက မတ်လ ၂၁ ရက်နေ့မှာ ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်မေက ဗြိတိန်ပါလီမန် အမတ်တွေဟာ နောက်ဘာလုပ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ရွေးချယ်နိုင်ပြီလို့ ပြောခဲ့ပါတယ်။ အီးယူခေါင်းဆောင်တွေက ထရီဆာမေကို လာမယ့် မေလ ၂၂ ရက်နေ့အထိ နှစ်လ သက်တမ်း တိုးပေးလိုက်တာဖြစ်ပါတယ်။ လာမယ့် သီတင်းပတ် ပါလီမန် မဲခွဲဆုံးဖြတ်မှုမှာ ၀န်ကြီချုပ်မေ အနိုင်ရရင် ဘရက်ဇစ်အတွက် မေလ ၂၂ ရက်နေ့အထိ အချိန်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ်မေက သူအနိုင်ရမလားဆိုတာကို ကျန်တဲ့ အီးယူ ၂၇ နိုင်ငံ လက်ခံ ယုံကြည်အောင်  မပြောနိုင်ခဲ့ပါဘူး။ အီးယူခေါင်းဆောင်တွေနဲ့ ဗြိတိန်ဝန်ကြီးချုပ် မေ  ၇ နာရီကြာ ဆွေးနွေးပြီးနောက် ရရှိခဲ့တဲ့ သဘောတူ ညီချက်အရ  မဲခွဲဆုံးဖြတ်မှုမှာ ၀န်ကြီးချုပ်မေ အရေးနိမ့်ခဲ့ရင် ဗြိတိန်ဟာ  ဘရက်ဇစ်အတွက် နောက်ထပ် အချိန်ကြာကြာထပ်ယူဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါက ကြီးမားတဲ့ အတားအဆီး ဖြစ်ဖွယ်ရှိပါတယ်။ အကြောင်းကတော့ ဗြိတိန်ဟာ မေလ ၂၃ ရက်မှာ ပြုလုပ်မယ့် အီးယူပါလီမန်သစ် ရွေးကောက်ပွဲတွေမှာ ပါဝင်ရမှာပါ။ အဲဒီလို ပါဝင်ဖို့ဆိုရင် ဗြိတိန် ရွေးကောက်ပွဲ ဥပဒေအရ သီတင်း ၆ ပတ် ကြိုတင်ပြီး ဧပြီ ၁၂ ရက်နေ့ ကြေညာရမှာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up