ယူရို ၂၀၂၀ ခြေစစ်ပွဲ အင်္ဂလန်က ချက်ကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

903
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု (အေ) ပွဲစဉ်မှာ အင်္ဂလန်က အိမ်ကွင်းမှာ ချက်အသင်းကို ၅ ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။
ဒီပွဲမှာ အင်္ဂလန်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး စတာလင်းက ဟက်ထရစ်ဂိုး သွင်းယူနိုင်သလို ဟယ်ရီကိန်းက ၁ ဂိုးနဲ့ တဖက်အသင်းက ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ၁ ဂိုး ရရှိသွားတာပါ။
ဝင်ဘလေကွင်းမှာ အင်္ဂလန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ခြေအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။
ဂိုးပေါက် ကန်သွင်းခွင့် ၈ ကြိမ် ရခဲ့ပြီး ချက်အသင်းက ၂ ကြိမ် ရခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး စတာလင်းက အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံရပါတယ်။
ယူရို ၂၀၂၀ ခြေစစ်ပွဲ ပွဲဦးထွက်မှာ အနိုင်ရတဲ့ အင်္ဂလန်က အုပ်စု (အေ) မှာ ၃ မှတ်နဲ့ ဦးဆောင်နေပါတယ်။