A d v e r t i s e m e n t With Us

အိုအိုင်စီရုံးဖွင့်မည့်ကိစ္စ မစိုးရိမ်ကြရန် သမ္မတရုံး ကြေညာ

မြန်မာပြည်မှာ အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က ရုံးဖွင့်မယ့်ကိစ္စနဲ့ ပတ်သက်လို့ မစိုးရိမ်ကြဖို့ သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကိစ္စနဲ့ ပတ်သက်လို့  ရဟန်းသံဃာတွေနဲ့ ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြနေတဲ့ အပေါ်မှာ သမ္မတရုံးက သတင်းထုတ်ပြန် လိုက်တာပါ။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှန်ရေးထိုးတဲ့ အခါမှာ  သမ္မတညွှန်ကြားထားတဲ့   နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊   အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊   နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ မထိခိုက်စေရန်နဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ဆိုတဲ့ မူ ရှိနှင့်ပြီးသားဖြစ်တာကြောင့် အိုအိုင်စီရုံး ကိစ္စမှာလည်း နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွား ထိခိုက် နစ်နာမှု မရှိစေရေး ဆောင်ရွက်သွားမယ် လို့ သမ္မတရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up