Home
အနုပညာ
အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ
DVB
·
March 22, 2019
၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား တွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့် မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၂၃ ရက်နေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ် ပါတယ်။ ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကောင်းတကားမှာ အဓိကဇာတ်ဆောင်မင်းသား နေရာမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးလှပါတယ်။ အခုနှစ်မှာတော့ ဖော်ပြပါ သရုပ်ဆောင်မင်းသားတွေဟ အကယ်ဒမီထင်ကြေးနဲ့ ရေပန်းစားနေခဲ့ပြီး ဘယ်သူကများ မြန်မာ့ရုပ်ရှင်အကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆု ကို ဆွတ်ခူးသွားနိုင်မလဲဆိုတာကို ပရိသတ်တွေအနေနဲ့ ခန့်မှန်းပေးကြပါဦး။ နေတိုး ရုံပြည့်ရုံလျှံအားပေးမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ မီစတဲ့ ရုပ်ရှင်ကား တွေထဲမှာ အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသား နေတိုးကတော့ အကယ်ဒမီဆန်ကာတင်စာရင်းထဲမှာလည်း ရေပန်းစားလို့ နေပါတယ်။ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားခဲ့တဲ့ မီရုပ်ရှင်ကားထဲမှာတော့ နေတိုးက နားလည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးအပေါ် ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ လက်ထပ်ယူခဲ့တဲ့ ကိုသော်ဆွေအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားခဲ့တာပါ။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းထဲက အဓိက ဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်ကားထဲမှာတော့ ‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့ အခါမှာ မုန်းစိတ်က အရမ်းစွဲလမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့  အကြောင်းတွေ၊ အဓိက,ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လို တဲ့အကြောင်း၊ လက်ရှိဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့ အ ကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းထဲမှာတော့ နေတိုးက ဘ၀ ၂ မျိုးနဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ထားခဲ့ပြီး ဇာတ်လမ်းအဆုံးထိ ပရိသတ် ကို ဆွဲဆောင်သွားနိုင်ခဲ့တာပါ။ ဒီကားထဲမှာတော့ နေတိုးနဲ့အတူ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း၊ မင်းသွေးတို့လည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ အရင်ကလည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်အနုပညာတွေနဲ့ အကယ်ဒမီရွှေ စင်ဆုကို ဆွတ်ခူးရရှိထားတဲ့ နေတိုးဟာ အခုနှစ်ရဲ့ အမျိုးသားဇာတ်ဆောင် အကယ်ဒမီ ဆုကို ထပ်ပြီး ရရှိသွားလေမလားဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြ ရတော့မှာ ဖြစ်ပါတယ်။ ခိုင်ထူးသာ(ဥပါဒါန်) ဇာတ်ဝင်ခန်းထဲက ဇာတ်ကောင်စရိုက်ပီပြင်အောင် အပြင်မှာပါ သာသနာ့ဘောင် ၀င်ပြီး ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသားသစ် ခိုင်ထူးသာရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေဟာ လတ်တလော အကယ်ဒမီတစ်ကြိုအဖြစ် ရေပန်းစားနေခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဒီကားဟာ ထူး ခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး မောင်အောင်(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်း ကို ဒါရိုက်တာ ဗန်းကြီးက ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာ သာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချော လေးတယောက် အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည် ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဒီကားဟာ ခိုင်ထူးသာအတွက် ပွဲဦးထွက် ရုပ်ရှင်ကားလည်း ဖြစ်နေပြီး လာမယ့် အကယ်ဒမီစင်မြင့်ထက်မှာ အောင်ပန်းဆင်နိုင်မလားဆိုတာကိုတော့ စောင့်မျှော် အား ပေးကြရမှာ ဖြစ်ပါတယ်။ ဇဏ်ခီ(မုဒြာရဲ့ ခေါ်သံ၊ ဥပါယ်တံမျဉ်) မျက်နှာသစ် သရုပ်ဆောင်မင်းသား တယောက်အနေနဲ့ ရုပ်ရှင်ကား ၂ ကားမှာပါ ၀င်ခဲ့ပြီး ၂ ကားစလုံး အကယ်ဒမီဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့သူကတော့ သရုပ် ဆောင်မင်းသား ဇဏ်ခီ ဖြစ်ပါတယ်။ ဇာတ်လမ်းကျောရိုးအရ ပုံမှန်မြင်တွေ့နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ် လမ်းတပုဒ်သာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ့်ကို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုပ်ရှင် အမျိုးအစား ဖြစ်တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားကတော့ မြန်မာ့ရုပ်ရှင်ရဲ့ အရွေ့တခုလို့ ပြောရမယ့် ဇာတ်ကားတကား ဖြစ်နေပါတယ်။ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်လာတဲ့ ဇဏ်ခီ၊ အောင်မြင့်မြတ်တို့ဟာ အ သစ်တွေ ဖြစ်ပေမယ့် ဇာတ်ညွှန်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့သလို ထိုင်းသရုပ်ဆောင် မင်းသမီး Kaew Korravee ၊ သက်မွန်မြင့်တို့ ရဲ့ သရုပ်ဆောင်မှုတွေကလည်း တကယ့်ကို အပိုအလိုမရှိ သေသပ်တဲ့ ကားကောင်းတ ကားဖြစ်ခဲ့ပါတယ်။ နောက်ထပ်တကားဖြစ်တဲ့ မုဒြာရဲ့ ခေါ်သံရုပ်ရှင်ကားကတော့  နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေမှာ ပြသခဲ့ပြီးမှ မြန်မာနိုင်ငံမှာ ရုံတင်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာလည်း Central Base Productions ကနေ ထွက်ရှိလာခဲ့တာဖြစ် ပြီး အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပွဲဦးထွက်လက်ရာရုပ်ရှင်ကား တကားဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ မြန်မာပြည်ဖွား ဂျေဒန် (Jaden)ဟာ သူ့ရဲ့ ဇစ် မြစ်ကို ရှာဖွေဖို့ မြန်မာပြည်သို့ပြန်လာခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ အမှန်တရားတခုကို ရှာ ဖွေတွေ့ရှိခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ပါ။ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်ဟာ  သူ့ရဲ့ ဂီတမဟာတန်းသုတေသန စာတမ်းအတွက် မြန်မာ့ရိုးရာဂီတနဲ့ အကကို သုတေ သနပြုဖို့ ကြိုးစားချိန်မှာ ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်နဲ့ ဘွဲ့ရထားခဲ့သူ နှင်းသူဇာနဲ့ ဆုံခဲ့ကြတယ်။ သူ့ရဲ့ အကူအညီနဲ့ ဂျေဒန်ရဲ့ မိဘအရင်းနဲ့ ဇာစ်မြစ်ကို ရှာဖွေ ပုံနဲ့ တင်ဆက်ထားတဲ့ ဒီကားထဲမှာတော့ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းတဲ့ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံတွေ၊ တွေ့မြင်ရခဲတဲ့ အလှအပတွေကို ထင်ဟပ်စေတဲ့ ဇာတ် ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာ မျက်နှာသစ် သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့အတူ သရုပ်ဆောင် မင်း သမီး လှယဉ်ကျေး၊ နန်းဝေေ၀ထွန်းတို့က ပါဝင်ထားခဲ့ကြတာပါ။ နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပီပြင်တဲ့ သ ရုပ်ဆောင်မှုတွေနဲ့ အဓိကဇာတ်ကောင် ဂျေဒန် (Jaden)နေရာမှာ ပါဝင်ခဲ့တဲ့ ဇဏ်ခီဟာ အမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကိုရော ဆွတ်ခူးသွားနိုင်မလားဆိုတာကိုတော့ မ ကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။ လူမင်း (ငယ်ကျွန်) ငယ်ကျွန်ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆန် ကာတင်စာရင်းမှာ ပါဝင်နေသူကတော့ နာမည်ကြီးဝါရင့်သရုပ်ဆောင် မင်းသား လူမင်း ဖြစ်ပါတယ်။ မြိတ်တင်အောင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ၀င်းထွန်းထွန်း ပုံဖော်ဖန်တီးထား တဲ့ ငယ်ကျွန်ရုပ်ရှင်ကားထဲမှာ လူမင်းက အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့နဲ့ အ တူ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ လွမ်းမောဖွယ် နာကျည်းဖွယ် အချစ်တွေ၊ အားပြိုင်မှုတွေနဲ့ ခြယ်မှုန်းထားတဲ့ ဒရာ မာရုပ်ရှင်ကားထဲမှာ ဆွေဂုဏ်မျိုးဂုဏ် မောက်မာတဲ့ ဇနီးမယားဖြစ်သူရဲ့ အစေအပါးတဦး သဖွယ် ဆက်ဆံခံရတဲ့ ဒေါက်တာ ကျော်ဇေယျအဖြစ် လူမင်းက ပီပီပြင်ပြင် သရုပ် ဆောင်ထားခဲ့တာပါ။ ဆွေဂုဏ် မျိုးဂုဏ်မောက်ပြီး သားအပေါ် အတ္တနဲ့ အချစ်ကြီးတဲ့ မိခင်အဖြစ် စိုးမြတ် သူဇာ၊ မိခင်လောင်း ရိပ်အောက်က ရုန်းမထွက်နိုင်တဲ့ သားအဖြစ် အောင်ရဲလင်း၊ သူ့ကို ချစ်မိတဲ့ မိန်းကလေးအဖြစ် ရွှေမှုံရတီတို့ရဲ့ အပြိုင်သရုပ်ဆောင်မှုတွေဟာ အပိုအလိုမရှိ ပိုင်နိုင်လွန်းတာမို့ အခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကို ဆွတ်ခူးသွားလေမလားဆိုတာကတော့ မကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။ အလင်းရောင် (ကာဗွန်ဒိုင်အောက်ဆိုဒ်) ပြီးခဲ့တဲ့ နှစ်မှာတော့ သရုပ်ဆောင် မင်းသားသစ် အလင်းရောင် ပါဝင်သရုပ် ဆောင်ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအတော်များများ ရှိခဲ့ပြီး  ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ကားကတော့ အကယ်ဒမီဆန်ကာတင်စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဒီကားထဲမှာတော့ အလင်းရောင်က သရုပ်ဆောင်မင်းသား ကျော်ထက်အောင်၊ ဖွေးဖွေးတို့နဲ့အတူ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး မီမီရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူငယ်တယောက်ဟာ သူ့စိတ်ရဲ့ စေစားရာအတိုင်း အမှား၊ အမှန် မခွဲခြားဘဲ လုပ်မိရာကနေ လမ်းမှားကို ရောက်သွားပြီး အောက်လမ်းနည်းပညာတွေသုံး၊ ဒုစ ရိုက်မှုတွေ ကျူးလွန်တဲ့အထိ ရောက်ရှိသွားရတဲ့အဖြစ်ကို သင်ခန်းစာယူနိုင်ဖို့ ရိုက်ကူး ထားတဲ့ အချစ်ဒရာမာနဲ့ ထိတ်လန့် ကြောက်မက်ဖွယ် ပညာပေးဇာတ်လမ်း ဖြစ်ပါတယ်။ နောင်နောင်နဲ့ သာယာတို့ဟာ အိမ်နီးချင်း ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သူတို့ ၂ ယောက် ကြီးလာကြချိန်မှာ နောင်နောင်က ကုမ္ပဏီအရောင်းမန်နေဂျာ ဖြစ်လာ ပြီး သာယာကတော့ မီဒီယာတခုမှာ အလုပ်လုပ်တယ်။ နောင်နောင်က သာယာကို တိတ် တခိုး စိတ်ဝင်စားနေတယ်။ သူဟာ အလုပ်မှာလည်း အဆင်မပြေ၊ သူငယ်ချင်းဖြစ်တဲ့ သာယာကလည်း ချစ်သူရသွားချိန်မှာ အောက်လမ်းနည်းပညာနဲ့ ပြုလုပ်ထားတဲ့ အစီ အရင်တွေကို အသုံးပြုပြီး စိတ်ထင်ရာစိုင်းခဲ့ချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အလင်းရောင်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ် အားပေးမှုတွေ ရရှိခဲ့ပြီး ဦးဦးဖျားဖျား အကယ်ဒမီထူးချွန်ဆုကို ရရှိသွားလေမလားဆိုတာ ကတော့ ရင်ခုန်စောင့်စားရတော့မှာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024