Home
မြန်မာသတင်း
ဖခင်အားသတ်ပြီး အလောင်းဖျောက်ခဲ့သည့် ဇနီး၊ သမီးနှင့် သမက်ဟောင်းတို့ကို ဖမ်းဆီးအမှုဖွင့်
DVB
·
March 22, 2019
မကွေးတိုင်း၊ မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီးရှိ ကျောက်တစ်လုံးအိုင်မှာ ဖခင်ဖြစ်သူအား သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့ ဇနီး၊ သမီးနဲ့ သမက်ဟောင်းတို့ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။ မတ်လ ၁၈ ရက်  ညနေပိုင်းက လူသေအလောင်းတလောင်းတွေ့ရှိလို့ စုံစမ်းစစ်ဆေးရာ လူသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့မှု ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်မှာ မတ်လ ၁၆ ရက်နေ့ ညပိုင်းက ရွှေပန်းကျေးရွာနေအိမ်မှာ ဦးသောင်းမွှေးနဲ့ ဒေါ်မြကြည်တို့ လင်မယားနှစ်ယောက် စကားများရာကနေ ဦးသောင်းမွှေးက ဓားမြှောင်နဲ့ ဇနီးသည်ကို ထိုးရာကနေ ဇနီးဖြစ်သူက ဓားကိုလုပြီး ဦးသောင်းမွှေးရဲ့ လည်ပင်းကို ထိုးမိပြီး ပြတ်ရှဒဏ်ရာ ရရှိခဲ့တာပါ။ အဲဒီနောက် ဒေါ်မြကြည်၊ အတူနေ သမီးငယ် မဇင်မာဝေ(ခ) မသူဇာနဲ့ သမီး မဝေဝေခိုင်ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ကိုဘိုလွန်းတို့က နွားလည်းနဲ့သယ်ပြီး ကျေးရွာ အရှေ့ဘက် ၃ ဖာလုံလောက်အကွာ စလုံချောင်းအရောက်မှာ မသေမရှင်ဖြစ်နေတဲ့ ဦးသောင်းမွှေးကို ဒေါ်မြကြည်နဲ့ ကိုဘိုလွန်းက ဝါးဆစ်ပိတ်နဲ့ နောက်စေ့ကို တချက်စီရိုက်ပြီး သဲမြေမှာ မြေမြှုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သေဆုံးသူ ဦးသောင်းမွှေးကို မသေမချင်းသတ်ခဲ့ပြီး အလောင်းဖျောက် မြေမြှုပ်ခဲ့ကြတဲ့  ဒေါ်မြကြည်၊ မဇင်မာဝေ (ခ) မသူဇာနဲ့ ကိုဘိုလွန်းတို့ကို ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၂၀၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024