ရော်နယ်ဒိုနှင့် မက်ဆီတို့ နိုင်ငံလက်ရွေးစင်အသင်းများတွင် ပြန်ကစားမည်

တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားဖို့ ရှိပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားနဲ့ ဒီညမှာကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်စားဖို့ရှိသလို ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာလည်း ယူကရိန်းနဲ့ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖွင့်ပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။ နာမည်ကြီး တိုက်စစ်မှူး နှစ်ယောက်စလုံးဟာ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ လက်ရွေးစင်ပွဲ ၆ ပွဲ လွဲချော်ထားပါတယ်။ ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒိုမပါဘဲ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းထားပါတယ်။ အသက် ၃၁ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပွဲပေါင်း ၁၂၈ ပွဲမှာ ၆၅ ဂိုး သွင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up