အီရတ်တွင် ကူးတို့လှေတစီး တိမ်းမှောက်၊ ခရီးသည် ၁၀၀ နီးပါး သေဆုံး

ဓာတ်ပုံ - Reuters
အီရတ်နိုင်ငံမြောက်ပိုင်း မိုဆူးလ်မြို့ တိုက်ဂရစ်မြစ်ထဲမှာ ခရီးသည် အဆမတန် တင်ဆောင်လာတဲ့ ကူးတို့လှေတစီး တိမ်းမှောက်တာကြောင့် ခရီးသည် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက မတ်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးသူအများစုဟာ ရေမကူးတတ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ မိုဆူးလ် အရပ်ဘက်ကာကွယ်ရေး အာဏာပိုင် အကြီးအကဲ ဟူဆမ်ခါလီက ပြောပါတယ်။ အဲဒီကူးတို့လှေဟာ ပုံမှန်ဆိုရင် ခရီးသည် အယောက် ၅၀ ပဲ တင်နိုင်ပေမယ့် လှေနစ်ချိန်မှာတော့ ၂၅၀ တင်ဆောင်လာတယ်လို့ သူက ဆက်ပြောပါတယ်။ လှေတိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး မတ်လ ၂၁ ရက်နေ့မှာ ကူးတို့လှေသမား ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကို ဆက်ရှာနေကြပြီး လက်ရှိအချိန်ထိ ခရီးသည် ၅၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ် အက်ဘ်ဒူလ် မာဒီကလည်း ကူးတို့လှေတိမ်းမှောက်တဲ့ ကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပြီး သေဆုံးသူတွေအတွက် တနိုင်ငံလုံး အတိုင်းအတာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် သတ်မှတ်ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up