ရီးရဲလ်သည် ကစားသမားများအတွက် အိပ်မက်အသင်းဖြစ်ဟု ပေါ့ဂ်ဘာ ဝန်ခံ

ရီးရဲလ်အသင်းဟာ ကစားသမားအားလုံး ကစားချင်တဲ့အသင်း ဖြစ်တယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာက ဝန်ခံပြောကြားသွားပါတယ်။ ပေါ့ဂ်ဘာဟာ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်း ထွက်နေတဲ့အပေါ် မေးမြန်းရာမှာတော့ ပေါ့ဂ်ဘာက ပွင့်ပွင့်လင်းလင်း ဖြေကြားသွားပါတယ်။ “ရီးရဲလ်မက်ဒရစ်အသင်းဟာ ထိပ်တန်းကလပ်အသင်းတသင်း ဖြစ်တာကြောင့် ကစားသမားအားလုံး ပြောင်းရွှေ့ကစားချင်တဲ့ အိပ်မက်အသင်းဖြစ်တယ်” လို့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာက ပြောကြားလိုက်တာပါ။ လက်ရှိအချိန်မှာ နည်းပြဇီဒန်းလည်း ပြန်လည်ကိုင်တွယ်နေတာကြောင့် ရီးရဲလ်အသင်းမှာ ဘောလုံးကိုချစ်တဲ့ ကစားသမားအားလုံး ကစားချင်ကြလိမ့်မယ်လို့ ပေါ့ဂ်ဘာက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up