Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ရခိုင်တပ်မတော်တည်ရှိရေး အဓိကရည်မှန်းချက်ဖြစ်ဟု အေအေ ပြော
နေဖြိုးဝင်း
·
March 21, 2019
ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်တည်ရှိရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ အေအေ (ရက္ခိုင့်တပ်မတော်)က  ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ အန်စီအေ  လက်မှတ်မထိုးရ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တွေ့ဆုံမှုအပြီးမှာ အေအေတပ်ဖွဲ့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က မီဒီယာတွေရဲ့ မေးမြန်းချက်ကို  ပြန်လည်ဖြေပြောကြားသွားတာပါ။ ရခိုင်အမျိုးသား အဖွဲ့ချုပ် အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဟန်က “ရခိုင်တပ်မတော်ကို ရခိုင်ပြည်မှာတည်ရှိနေမှု တပ်မတော်ဘက်က လက်မခံတဲ့သဘော လို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်တွေအဖို့ ရခိုင်ပြည်မှာ ရခိုင်တပ်မတော် တည်ရှိရေးဟာ ကျေန်ာတို့ ULA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူတွေကို ရခိုင်တပ်မတော်ကပဲ လုံခြုံအေးချမ်းမှု၊ ဖွံ့ဖြိုးမှုအတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ခံယူထားတဲ့အတွက် ကျနော်တို့ လုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်မှာ တာဝန်ယူနေပြီဖြစ်တယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကတော့ အဖြူရောင်နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်ကို လက်နက်ကိုင်အဖွဲ့အစည်းတွေက အခြေချဖို့ ကြိုးစားရာက ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အတွက် အစိုးရက ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင်နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို သင်ခန်းစာယူပြီး ရခိုင်ပြည်နယ်က ပြည်သူတွေ အနေနဲ့ လက်နက်ကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေးစား ပွဲဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ် ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024