လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းအနီး၊ ညောင်ရွာတွင် မီးလောင်
DVB
·
March 21, 2019
ရန်ကုန် လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးမှာ ညောင်ရွာမှာ ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်တွေ အများအပြားမီးလောင် ပျက်စီးဆုံးရှုံးသွား ပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို စစ်ဆေးနေဆဲဖြစ်လို့ အတိအကျမသိနိုင်သေးတဲ အကြောင်းနဲ့ မီးလောင်သွားတဲ့ လူနေ အိမ် ၁၀၀ လောက်ရှိ နိုင်တယ်လို့ လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ခန့်မှန်း ပြောပါတယ်။
မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီလောက်က ညောင်ရွာမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရလို့ မီးသတ်တပ်ဖွဲ့က Level 1 ယာဉ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာမှာ ၃နာရီ ၂၃ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - နာရေးကူညီမှုအသင်း