ဗလီပစ်ခတ်မှုမှတ်ချက် ဖြေရှင်းရန် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး တူရကီ သွားမည်

ဓာတ်ပုံ - EPA-EPE, AFP
နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့ ဗလီနှစ်ခုအတွင်း သေနတ်ပစ်ခတ်မှုအပေါ် တူရကီသမ္မတ တေယစ်အာဒိုဂံရဲ့ မှတ်ချက်ကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာ တူရကီကို သွားလိမ့်မယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ခရိုက်ချက်မြို့ ဗလီနှစ်ခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းသူတွေ  ပြည့်နေချိန် သေနတ်သမားတဦးက ဝင်ပစ်လို့ လူ ၅၀ သေဆုံးပြီး နောက်ထပ် အယောက် ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက် ၂၈ နှစ်အရွယ် လူဖြူကြီးစိုးရေးဝါဒီ သြစတြေးလျ နိုင်ငံသား ဘရန်တွန် တောရန့်ကို တရားစွဲထားပါတယ်။ တူရကီသမ္မတ တေယစ်အာဒိုဂံက နယူးဇီလန်အနေနဲ့ အဲဒီပစ်ခတ်သူကို အပြစ်မပေးရင် တူရကီအစိုးရက အပြစ်ပေးမယ်လို့ ပြောခဲ့တာကြောင့် တူရကီနဲ့ နယူးဇီလန်အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ လက်ရှိမှာ သေဆုံးသူ အယောက် ၅၀ ထဲက အယောက် ၃၀ ကို ဘယ်သူဘယ်ဝါဆိုတာ အတည်ပြု စစ်ဆေးပြီးလို့ သက်ဆိုင်ရာ မိသားစုတွေဆီ လွှဲပြောင်းပေးဖို့ ခွင့်ပြုထားပြီးပြီလို့ သူက ဆက်ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up