Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် မြေလွတ်မြေရိုင်းဥပဒေ ဆန့်ကျင်သည့် ပိုစတာများ ဖြုတ်သိမ်း
DVB
·
March 21, 2019
ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့နယ်လမ်းမဘေး ကျေးရွာ လူနေအိမ်တွေမှာ ကပ်ထားတဲ့ မြေလွတ်မြေရိုင်းဥပဒေဆန့်ကျင်တဲ့ ကမ်ပိန်းပိုစတာတွေကို ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ မတ်လ ၁၉ ရက်က ဖြုတ်သိမ်းခဲ့ပါတယ်။ ခေါ်ဆရွာ အုပ်ချုပ်ရေးမှူး ဦးခိုင်ခဲ့က “ချင်းပြည်နယ်အစိုးရအဖွဲ့က ဒီကိစ္စညှိနှိုင်းဖို့ အရပ်ဖက် အဖွဲ့အစည်းတွေကို ဖိတ်တယ်။ ဒါပေမယ့် သူတို့မလာဘူး။ အဲဒါကြောင့် တရားမ၀င်ဘူးဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားလာလို့ ဖြုတ်တာဖြစ်တယ်”လို့ ပြောပါတယ်။ တီးတိန်မြို့နယ် သိုင်းငင်းရွာ ဟိန်ဇန်ရွာတွေမှာ ကပ်ထားတဲ့ ချင်းပြည်နယ်မှာ မြေလွတ်မြေရိုင်းမရှိ၊ ဘိုးဘွားပိုင် မြေမရှိဆိုတဲ့ ကမ်ပိန်း ပိုစတာတွေကို ပြည်နယ်အစိုးရ ညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြုတ်ချ ရုပ်သိမ်းခဲ့တာ ဖြစ်တယ်ပါတယ်။ တီးတိန်နယ်အပြင် တွန်းဇံမြို့ပေါ်မှာ ကပ်ထားတဲ့ ပိုစတာတွေကိုလည်း ဖြုတ်ချခဲ့ကြပါတယ်။ ချင်းတောင် သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုလျန်တွောင်က “ဒီမြေယာကမ်ပိန်း ပိုစတာတွေကို ချင်းပြည် ၉ မြို့နယ်လုံး ကပ်ထားတယ်။ ဒါပေမယ့် တီးတိန်နယ်နဲ့ တွန်းဇံပဲ သိသေးတယ်။ ကျန်တဲ့ မြို့တွေတော့ စုံစမ်းဆဲပဲ။ သူတို့ ညှိနှိုင်း အစည်းအဝေးခေါ်တာ ကျနော်တို့ မသိဘူး။ သူတို့ဘက်က ဥပဒေလုပ်ထုံးနည်းအတိုင်း မကြိုက်လို့ ဒီလိုလုပ်တယ်ဆိုပေမယ့် မြေယာပြဿနာက သူတို့ ထင်သလောက် မရိုးရှင်းဘူး။ စိန်ခေါ်သလို ဖြစ်တယ်” လို့ ပြောပါတယ်။ ဒီကမ်ပိန်း ပိုစတာတွေဟာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ (၂၀၁၈) ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ချင်းမြေယာဆိုင်ရာ ကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး ချင်းပြည်နယ်နေရာတော်တော်များများမှာ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024