ကေပေါ့ပ်အဆိုတော် ဂျန်ဂျွန်ယောင်း တရားရုံးကြားနာပွဲ လာရောက်

828
လိင်အရှုပ်တော်ပုံမှာ ပတ်သက်နေတဲ့ တောင်ကိုရီးယား ကေပေါ့ပ်အဆိုတော် ဂျန်ဂျွန်ယောင်းဟာ မတ်လ ၂၁ ရက်က ဆိုးလ်မြို့ ခရိုင်တရားရုံး ကြားနာပွဲကို လာရောက်ခဲ့ပါတယ်။
သူ့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုတဲ့အပေါ်မှာ တရားရုံးက သုံးသပ်ကြားနာမှာဖြစ်တာမို့ ဂျန်ဂျွန်ယောင်း ရောက်လာတာပါ။
ဂျန်ဂျွန်ယောင်းဟာ အမျိုးသမီးတွေနဲ့ အတူနေတဲ့ ဗွီဒီယိုအခွေတွေကို လူ့စည်းကမ်းချိုးဖောက်ပြီး ရိုက်ကူးဝေမျှတယ်လို့ စွပ်စွဲခံထားရပါတယ်။
ရုံးတော် မကြားနာခင် သူက သူ့အပေါ် စွဲချက်အားလုံးကို ဝန်ခံပြီး “သူဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်” လို့ ပြောပါတယ်။
သူ့ကို ဖမ်းဝရမ်းထုတ်မိန့်ချမယ့် ဆုံးဖြတ်ချက်ဟာ မတ်လ ၂၁ ရက် နှောင်းပိုင်းမှာ ထွက်လာဖွယ် ရှိပါတယ်။
ဒါ့အပြင် အဆိုတော် လီဆန်ဟွန်းဟာလည်း သူ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို ဖျော်ဖြေဖို့ ပြည့်တန်ဆာတွေကို အခကြေးငွေ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အဆိုတော် နှစ်ဦးစလုံးဟာ online chat group ထဲမှာ ဗွီဒီယိုအခွေတွေကို ဝေမျှခဲ့တယ်လို့ SBS ရုပ်သံက ကြေညာခဲ့ပါတယ်။