A d v e r t i s e m e n t With Us

အိုအိုင်စီရုံးခန်းဖွင့်လှစ်မှု အလိုမရှိကြောင်း မန္တလေးသံဃာများ ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံတွင်း အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ရုံခန်း လာရောက်ဖွင့်လှစ်မှာကို လုံးဝလက်မခံနိုင်ကြောင်း ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့ သံဃာတော်အပါး ၅၀၀၀ လောက် ဒီနေ့ နေ့လယ် ၁၂ နာရီခွဲက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ သံဃာတော်တွေဟာ ဦးပွားဆုတောင်းပြည့်ဘုရားကြီးကနေစတင်ပြီး “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြပါစေ” စတဲ့ ဆုတောင်းမေတ္တာပို့သံတွေနဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ Read more

A d v e r t i s e m e n t With Us

More News
Up