
အာဆီယံ ဆူဇူကီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယမြောက်ပွဲစဉ်ကို အောက်တိုဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားပြီး မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုးပြတ်နဲ့ နိုင်လိုက်လို့ ခြေစစ်ပွဲအောင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာအသင်း အုပ်စုတွင်းမှာ ၉ မှတ်နဲ့ ဦးဆောင်နေပြီး အရှေ့တီမောက ၆ မှတ်နဲ့ ဒုတိယ၊ လာအိုကလည်း ၆ မှတ်နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မြန်မာက လာအို၊ အရှေ့တီမောက ဘရှုနှိုင်းနဲ့ ဆုံတွေ့မှာဖြစ်ပြီး မြန်မာက လာအိုကို သရေ ကစားနိုင်ရုံနဲ့ ခြေစစ်ပွဲကို အုပ်စုဗိုလ်နဲ့ အောင်မြင်မှာ ဖြစ်ပါတယ်။