ဟိန္ဒူရိုးရာသင်္ကြန်ပွဲတော် ကန်တော်ကြီးမျှော်စင်ကျွန်း၌ကျင်းပ
DVB
·
March 20, 2019
ဟိန္ဒူလူမျိုးတွေရဲ့ ရိုးရာပွဲတော် တခုဖြစ်တဲ့ Holi သင်္ကြန်ပွဲတော်ကို မတ်လ ၂၀ ရက်က ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းထဲမှာ ကျင်းပပါတယ်။
ဒီပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေတင်မက တခြားဘာသာဝင်ပြည်သူတွေပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ဖို့အတွက် လက်မှတ်တစောင်ကို ကျပ် ၅၀၀၀ နှုန်းနဲ့ ရောင်းချပေးနေပါတယ်။
လတ်မှတ်ရောင်းရတဲ့ငွေထဲက တချို့ကို ပရဟိတလုပ်ငန်းတွေမှာသုံးစွဲသွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူကပြောပါတယ်။
ဟိန္ဒူသင်္ကြန်ပွဲတော်မှာ အိန္ဒိယနိုင်ငံက DJ သမား ၆ ဦးကလည်း လာရောက်ပါဝင် တင်ဆက်မှာ ဖြစ်ပါတယ်။