ဘရာဇီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး အခိုင်အမာ စဉ်းစားနေဟု ထရမ့် ပြော

ဓာတ်ပုံ - Reuters
ဘရာဇီးနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ခိုင်ခိုင်မာမာ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကို အလည်အပတ် ရောက်နေတဲ့ ဘရာဇီးသမ္မတ ဘိုလ်စိုနာရိုနဲ့အတူထိုင်ရင်း ထရမ့်က သတင်းထောက်တွေကို ပြောလိုက်တာပါ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (OECD) ရဲ့ အဖွဲ့ဝင်ဖြစ်ရေး ဘရာဇီးနိုင်ငံရဲ့ အားထုတ်မှုတွေကို ထောက်ခံတယ်လို့လည်း ထရမ့်က ပြောပါတယ်။ ကမ္ဘာ့ အဋ္ဌမမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံ ဘရာဇီးဟာ OECD အဖွဲ့ဝင်ဖြစ်ဖို့ ၂၀၁၇ မှာ လျှောက်ထားခဲ့တာပါ။ OECD အဖွဲ့ထဲမှာ လက်တင်အမေရိက နိုင်ငံတွေထဲက မက္ကဆီကို၊ ချီလီနဲ့ ကိုလံဘီယာ နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃ ဒါဇင်လောက် ပါပါတယ်။ ဘိုလ်စိုနာရိုရဲ့ အလည်အပတ် ခရီးစဉ်အတွင်း ဘရာဇီးက OECD ကို ပူးပေါင်းဖို့ လျှောက်ထားချက်ကို အမေရိကန်အစိုးရက ထောက်ခံကြောင်း ကြေညာမယ်လို့ မထင်ခဲ့ကြောင်း ဘိုလ်စိုနာရိုရဲ့ စီးပွားရေးအဖွဲ့ အကြီးတန်းအဖွဲ့ဝင်က အရင်အပတ်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up