Home
မြန်မာသတင်း
Canon photo Marathon Myanmar ဓာတ်ပုံ ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်
အာကာ
·
March 20, 2019
Canon photo Marathon Myanmar ဓာတ်ပုံ ပြိုင်ပွဲကို မတ်လ ၃၀ ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစားရုံ (၁) မိုးလုံလေလုံ ခန်းမမှာ ကျင်းပ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မည်သူမဆို ပြိုင်ပွဲဝင်ကြေး ၅၀၀၀ ကျပ်ပေးသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်ပုံစံတွေ ကို မတ်လ ၂၅ ညနေ (၅) နာရီ နောက်ဆုံးထားပြီး Canon Showroom နဲ့ Kodak Showroom တို့မှာ စာရင်းပေးရမှာဖြစ်ပြီး အွန်လိုင်းကလည်း စာရင်းပေးသွင်း နိုင်ပါတယ်။ ဆုကြေးအနေနဲ့ Theme 1 နဲ့ Theme 2 အတွက်ပထမဆု - EOS 77D (18-135)၊ ဒုတိယဆု - EOS 1500D (18-55)၊ တတိယဆု - EOS 3000D (18-55)နဲ့Grand Prize ဆုအတွက်EOS R (24-105) အပြင် ၂၀၂၀ ခုနှစ် Japan နိုင်ငံမှာ ကျင်းပမယ့် Canon Photo Marathon Asia Championship ပွဲကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024