Home
မြန်မာသတင်း
မှော်ကူးကြိုးဝိုင်းတွင်း ကျောက်မီးသွေးတွင်း ပြိုကျ၊ အမျိုးသား ၂ ဦးသေဆုံး
DVB
·
March 20, 2019
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် မှော်ကူးကြိုးဝိုင်းမှာ လုပ်ကိုင်နေတဲ့ YCDC ကျောက်မီးသွေးကုမ္ပဏီ ဧရိယာထဲက ကျင်းအမှတ် ၁၈မှာ  မတ်လ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်က ပြိုကျတာကြောင့် ကျင်းလုပ်သား အမျိုးသားနှစ်ဦး မြေပြိုပိသေဆုံးသွားပါတယ်။ ကျင်းလုပ်သားနှစ်ဦးပျောက်နေတာကြောင့် ကုမ္ပဏီတာဝန်ရှိသူတွေ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ နေထိုင်ရာတဲနဲ့ လုပ်ကွက်အတွင်း လိုက်လံရှာဖွေရာ ချော်နီချောင်းလုပ်ကွက် ကျင်းအမှတ် ၁၈ မှာ ကျင်းပြိုကျနေတာတွေ့ရပြီး ဘက်ဟိုးယန္တရားနဲ့ တူးဖော်ရာမှာ တွင်းလုပ်သားနှစ်ဦးကို တူးဖော်တွေ့ရှိခဲ့တာလို့  ရဲမှတ်တမ်းအရ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ ကလေးဝမြို့နယ် ရှဲကမ်းရွာနေ လက်တွင်းတူးလုပ်သား နှစ်ဦးဖြစ်ပြီး တူးဖော်စဉ် ပါးစပ်နဲ့ နှာခေါင်းတွေမှာ သွေးထွက် ဒဏ်ရာတွေ ရှိနေတယ်လို့လည်း ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အခုလိုသေဆုံးမှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ကျော်နိုင်နဲ့ ကျော်ဦးတို့ နှစ်ဦးဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ်ကို မော်လိုက်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးအောင်ကြည်မြင့်က သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၉ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024