Home
မြန်မာသတင်း
မိုးညှင်းနည်းပညာကောလိပ်က ကျူတာဆရာမတဦး အသတ်ခံရ
DVB
·
March 19, 2019
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာမှာ မိုးညှင်းအစိုးရ နည်းပညာကောလိပ်က အသက် ၂၅ နှစ်အရွယ် ကျူတာ ဆရာမ မမာမာဝင်းဟာ အသတ်ခံခဲ့ရတယ်လို့ ပင်းဘောနယ်မြေရဲစခန်းက သိရပါတယ်။ မတ်လ ၁၇ ရက် ညနေ ၄ နာရီလောက်က ရေတွင်းကုန်းကျေးရွာနေ ဒေါ်ကြည်အေးဟာ သမီးဖြစ်သူကို ဖုန်းဆက်ရာ မကိုင်တဲ့အတွက် အိမ်ပြန်ပြီး သမီးကိုခေါ်ရာ ပြန်ထူးသံ မကြားရလို့  မီးဖိုခန်းအတွင်း ဝင်ရောက်ရှာဖွေရာ သမီးဖြစ်သူ မမာမာဝင်းကို ဒဏ်ရာတွေနဲ့ တွေ့ရှိ ခဲ့တာပါ။ ဒီမတိုင်ခင် နေ့လယ် ၁ နာရီလောက်မှာ သမီးဖြစ်သူနဲ့ အမည်မသိလူငယ်တဦးတို့ မီးဖိုချောင်မှာ ဖုန်းကစားနေတာ တွေ့မြင်ခဲ့ရလို့ မေးမြန်းရာမှာ အဆိုပါ လူငယ်ဟာ သမီးဖြစ်သူနဲ့ ရထားပေါ်မှာ ခင်မင်ခဲ့တဲ့ ဟိုပင်မြို့ မြဇေယျာ ရပ်ကွက်နေသူ ဖြစ်ကြောင်းဖြေဆိုခဲ့တယ်လို့ ပြောပါတယ်။ ဒီနောက် ဒေါ်ကြည်အေးဟာ ဓမ္မရာဇိကဘုရားကြီးအလှူခံဖို့ အလှူခံရုံကိုသွား ရောက်နေချိန်မှာ အခင်းဖြစ်ပွားခဲ့ တာလည်းဖြစ်ပါတယ်။   မမာမာဝင်းဟာ မီးဖိုခန်းထဲမှာ ဝဲပါးပြင်မှာ ၂၀ လက်မပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ဝဲဘက်ပခုံးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ချက်တိုင်ဘေး ထိုးသွင်းဒဏ်ရာတွေနဲ့ တွေ့ရလို့ ဆေးရုံပို့ဆောင်စဉ်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မိခင် ဒေါ်ကြည်အေး(၆၂)နှစ်က တရားလိုလုပ် တိုင်ကြားခဲ့တဲ့အတွက် ပင်းဘောနယ်မြေရဲစခန်းက (ပ)- ၅/၂၀၁၉၊ (အမှုကြီးအမှတ်စဉ်-၁) ရာဇသတ်ကြီးပုဒ်မ -၃၀၂ အရ အရေးယူဆောင်ရွက်နေပါတယ်။ အသတ်ခံလိုက်ရတဲ့ ကျူတာ ဆရာမလေး မမာမာဝင်းရဲ့ ဈာပနကို ဒီကနေ့ ကျင်းပခဲ့ပြီး တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။   ခင်သန်းညွှန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024