မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ စစ်မဖြစ်ရန် လှည်းတန်းတွင် ကျောင်းသားများဆန္ဒပြ
DVB
·
March 19, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာသဘောတူညီချက် ချိုးဖောက်နေသူတွေကို အရေးယူပေးဖို့ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားတွေက ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ လှည်းတန်းစင်တာရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မြောက်ဦးမြို့ထဲကို လက်နက်ကျည်ဆန်တွေမကျရောက်စေဖို့၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေထဲမှာ စစ်ပွဲတွေ မဖြစ်စေဖို့လည်း ကျောင်းသားတွေကဆန္ဒပြတောင်းဆိုပါတယ်။
ဓာတ်ပုံ- YUOESU