တိုက်စစ်မှူး မက်ဆီ အာဂျင်တီးနားအသင်းနှင့် လေ့ကျင့်ခန်းဆင်း

အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို အင်္ဂါနေ့က စတင်ခဲ့ပြီး တိုက်စစ်မှူး မက်ဆီကတော့ ကမ္ဘာ့ဖလားအပြီးမှာ ပထမဆုံးအကြိမ် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် နိုင်ငံအသင်းကနေ အနားယူခဲ့ပါတယ်။ မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ အာဂျင်တီးနားရဲ့ နိုင်ငံတကာခြေစမ်းပွဲ ခြောက်ပွဲမှာ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ အာဂျင်တီးနားအသင်းဟာ မက်ဆီမပါဝင်ခဲ့တဲ့ အဲဒီခြေစမ်းပွဲ ခြောက်ပွဲမှာ လေးပွဲနိုင် တပွဲသရေကျခဲ့ပြီး တပွဲရှုံးနိမ့်ခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေပြီး ဥရောပထိပ်တန်းလိဂ် ငါးခုမှာ ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေအဖြစ် သောကြာနေ့မှာ ဗင်နီဇွဲလားအသင်း၊ လာမယ့်အင်္ဂါနေ့မှာ မော်ရိုကိုအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up