ယူရိုခြေစစ်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်း စတင်လေ့ကျင့်

ကမ္ဘာ့ချန်ပီယံ ပြင်သစ်လက်ရွေးအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို တနင်္လာနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်ဟာ ဥရောပလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ပြန်လည်ရွေးချယ်ထားပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ ယူရိုခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမှာပါ။ ပြင်သစ်အသင်းမှာ ပေါ့ဂ်ဘာ၊ အမ်ဘာပီ၊ ဂရစ်ဇ်မန်း စတဲ့ နာမည်ကြီး ကစားသမားတွေ ပါဝင်နေပြီး လေ့ကျင့်ရေးမစခင်မှာ အသင်းပရိသတ်တွေနဲ့လည်း ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကြပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မော်လ်ဒိုဗာအသင်းနဲ့ လာမယ့်သောကြာနေ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အိုက်စလန်အသင်းနဲ့ အိမ်ကွင်းမှာ ဆက်ပြီး ယှဉ်ပြိုင်ကစားသွားမှာပါ။ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကတော့ ကမ္ဘာ့ချန်ပီယံအသင်းဖြစ်ပေမယ့် ယူရိုခြေစစ်ပွဲတွေမှာ ရုန်းကန်ရတတ်တဲ့ အစဉ်အလာ ရှိတာကြောင့် ပွဲတိုင်းကို ဂရုစိုက်ပြီး ယှဉ်ပြိုင်ကစားသွားကြဖို့ ကစားသမားတွေကို တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up