မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော်ဘုရားသို့ သယ်ဆောင်
Aung Aung Naing
·
March 19, 2019
မြန်မာနိုင်ငံမှာ အရွယ်အစားအကြီးဆုံးဖြစ်တဲ့ စည်တော်ကြီးကို စစ်ကိုင်းမြို့ ကောင်းမူတော် စေတီမြတ်ကြီးမှာ ထားရှိဖို့အတွက် အင်းတော်မြို့ကနေ သယ်ဆောင်လာခဲ့ ပါတယ်။
စည်တော်ကြီးကို နှစ်ပေါင်း ၂၀၀ နီးပါး သက်တမ်း ရှိတဲ့ ကုက္ကိုလ်သားစစ်စစ်နဲ့ ထွင်းထုခဲ့တာဖြစ်ပြီး စည်တော်ကြီးမျက်နှာဝဟာ ၅ ပေ ၄ လက်မ၊ အရှည် ၁၀ ပေ ၈ လက်မရှိကာ ခန့်မှန်းအလေးချိန် ၀ ဒသမ ၂၅ တန်ရှိပါတယ်။
စည်တော်ကြီး ဘေးဘက်တွေမှာတော့ ပုဂံခေတ်လက်ရာ ၁၀၈ ကွက်သော ဗုဒ္ဓခြေရာတော်စက် လက္ခဏာတွေကို နတ်မင်းကြီးတွေက ပူဇော်နေတဲ့သဏ္ဍာန်ကို ထွင်းထုထားပါတယ်။
စည်တော်ကြီးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ထွင်းထုခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ အောင်မြင်စွာ ထွင်းထုပြီးစီးခဲ့တာပါ။
ရာဇမဏိစူဠာ ကောင်းမူတော်ဘုရားကြီးကို မကျည်းစဉ်း၊ ဆွမ်းချက်၊ စီတီး၊ ပုဂံရပ်၊ တင်းတိတ်၊ တောင်ပူကုန်း၊ အောင်ချမ်းသာ၊ ပဲကတိုး စတဲ့ကျေးရွာ ၈ ရွာကနေ နေ့စဉ်အလှည့်ကျ ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းနေကြပြီး ဘုရားပွဲတော်ကို ကဆုန်လပြည့် သတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာ ကျင်းပကြပါတယ်။