အဲဗာတန်နှင့်ပွဲက ခြေစွမ်းမျိုးဖြင့် ဆက်ကစားပါက ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဟု ချဲလ်ဆီးနည်းပြ ပြော

အဲဗာတန်နဲ့ပွဲကလို ဆက်ကစားနေမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူးလို့ ချဲလ်ဆီးနည်းပြ ဆာရီက ဝန်ခံပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်နေချိန်မှာ အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းကို ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကြံ့ခိုင်မှုအားနည်းခဲ့တာကြောင့် ၂ ဂိုးပေးလိုက်ရပြီး ရှုံးနိမ့်သွားခဲ့တာဖြစ်တယ်လို့ ဆာရီက ပြောပါတယ်။ အဲဒီလို ခြေစွမ်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆာရီက ပြောကြားလိုက်တာပါ။ ချဲလ်ဆီးအသင်းဟာ အဲဗာတန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်လေးနေရာက အာဆင်နယ်နဲ့ သုံးမှတ်ကွာဟသွားပြီး အဆင့် ၆ နေရာမှာ ဆက်ပြီး ရပ်တည်နေရပါတယ်။ ချဲလ်ဆီးအသင်းဟာ အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ရပြီး အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း စိုးရိမ်မှုရှိနေပြီလို့ အသင်းနည်းပြ ဆာရီက ပြောကြားသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up