မြောက်ကိုရီးယားနှင့်ရုရှား စီးပွားရေး၊ နိုင်ငံရေး အပြန်အလှန်ပူးပေါင်းရန် လက်မှတ်ရေးထိုး

ဓာတ်ပုံ - Reuters
မြောက်ကိုရီးယားနဲ့ ရုရှားကြား လာမယ့်နှစ်ကစပြီး နိုင်ငံရေးနဲ့ စီးပွားရေး အပြန်အလှန် ဖလှယ်မယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေ ရုရှားမြို့တော် မော်စကိုမှာ တွေ့ဆုံခဲ့ပြီး လက်မှတ်ရေးထိုးခဲ့တာလို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ဗဟိုသတင်းဌာန KCNA က မတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါယတ်။ မြောက်ကိုရီးယား ဒုဝန်ကြီး အင်မ့်ချွန်း အီးလ်နဲ့ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး အစ်ဂေါ မော်ဂူလာ့ဗ်တို့ မတ်လ ၁၄ ရက်က တွေ့ခဲ့တာလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။ ကိုရီးယားကျွန်းဆွယ်တွင်း အခြေအနေတွေအပြင် တခြားလက်တွေ့ကျတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အမြင်တွေနဲ့ နိုင်ငံရေးဆိုင်ရာ ထိတွေ့မှုတွေ အပါအဝင် အပြန်အလှန် ဆက်ဆံရေး တိုးတက်မှုလိုမျိုး အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေးအတွင်း ၂၀၁၉-၂၀၂၀ ဖလှယ်ရေး အစီအစဉ်ကို လက်မှတ်ထိုးခဲ့တယ်။ နိုင်ငံရေး နယ်ပယ်မှာ အဆင့်မြင့် အရာရှိတွေအဆင့် ထိတွေ့ဖလှယ်ဖို့၊ စီးပွားရေးနဲ့ လူသားချင်း စာနာမှုအရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တက်တက်ကြွကြွ တိုးမြှင့်ဖို့ သဘောတူခဲ့တယ်လို့ ဒီနေ့ ကေစီအန်အေ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up