Home
မြန်မာသတင်း
စည်ပင်ရွေးကောက်ပွဲ ပြိုင်ဘက်မရှိ ရွေးချယ်ခံရမည့်နေရာ ၁၃ နေရာရှိ
အာကာ
·
March 18, 2019
ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ မြို့နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်သူတွေ ထဲမှာ ပြိုင်ဘက်မရှိဘဲ ရွေးချယ်ခံရမယ့် ၁၃ နေရာ ရှိပါတယ်။ အဲဒီနေရာတွေကတော့ မြို့နယ်ကော်မတီ ဥက္ကဋ္ဌနေရာမှာ (လသာ၊ အလုံ) မြို့နယ်၊ မြို့နယ်အဖွဲ့ဝင် ၁ နေရာမှာ (သင်္ဃန်းကျွန်း၊ ဒဂုံ၊ ကြည့်မြင့်တိုင်၊ မရမ်းကုန်း) ၄ နေရာ၊ မြို့နယ် အဖွဲ့ဝင် ၂ နေရာမှာ (ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ရန်ကင်း၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ပုဇွန်တောင်၊ လသာ) ၇ နေရာ ပါဝင်ပါတယ်။ အဲဒီနေရာတွေမှာ ယှဉ်ပြိုင်သူ တဦးပဲ ရှိပြီး ပြိုင်ဘက်မရှိတဲ့ နေရာတွေပါ။ ပြိုင်ဘက်မရှိဘဲ ရွေးချယ်ခံရမယ့် ၁၃ နေရာမှာ အန်အယ်လ်ဒီပါတီက ၅ နေရာနဲ့ တသီးပုဂ္ဂလက ၈ နေရာ ရရှိမှာပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ မြို့နယ်အဆင့်ကို ၉၉ ဦး၊ မြို့တော်အဆင့်ကို ၆ ဦး စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်မှာပါ။ မတ်လ ၃၁ ရက်မှာ ပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်းကို မဲပေးခွင့်ပြုထားပါတယ်။ ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မြို့နယ် ၃၃ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်းကျော်ရှိ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024