ဂျပန် တိရစ္ဆာန်ရုံတွင် မြန်မာ့ဆင် ၄ ကောင်ကို ကြည့်ရှုနိုင်ပြီ
DVB
·
March 18, 2019
မြန်မာနိုင်ငံက လှူဒါန်းခဲ့တဲ့ ဆင် ၄ ကောင်ကို ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးခရိုင်၊ ဆာပိုရိုမြို့၊ မာရူယာမ တိရစ္ဆာန်ရုံမှာ သွားရောက် ကြည့်ရှုနိုင်ပြီဖြစ် ဖြစ်ပါတယ်။
မာရူယာမ တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၆၈ မျိုး ပြသထားပြီး ၁၂ နှစ်ကြာ ပြီးနောက်မှသာ မြန်မာ့ဆင်မျိုးစိတ်ကို ပထမဆုံး ပြန်လည်ပြသတာပါ။
မြန်မာနိုင်ငံက ဆင် ၄ ကောင် လှူဒါန်းတာနဲ့ အများပြည်သူထံ မိတ်ဆက်တဲ့ အခမ်းအနား ကို မတ် ၁၂ ရက်နေ့က မာရူယာမ တိရစ္ဆာန်ရုံမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာ-ဂျပန် နှစ်နိုင်ငံ တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်အရ မြန်မာ့ဆင် ၄ ကောင်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျပန်နိုင်ငံကို အောင်မြင်စွာ ပို့ဆောင် လှူဒါန်းခဲ့တာပါ။