A d v e r t i s e m e n t With Us

ချောက်မြို့တွင် မြစ်ရေကြီးပြီး ကမ်းပါးပြို၊ အိမ်ခြေ ၁၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

မကွေးတိုင်း ချောက်မြို့နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါး ပြိုကျခဲ့တဲ့အတွက်  စလေတိုက်နယ်က ကျေးရွာအချို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ စလေတိုက်နယ် လက်ပံကျွန်းကျေးရွာအုပ်စုက ကျွန်းသစ်အနောက်ရွာနဲ့ ရေလယ်မြောက်ရွာက အိမ်ခြေ ၁၀၀ ကျော်လောက် ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတာပါ။ ကမ်းပါးပြိုကျမှုကြောင့် လူအသေအပျောက် တစုံတရာမရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့်   ရွာသူရွာသားတွေအတွက် နေအိမ်တွေပြန်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up