မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဗီယက်နမ်နှင့် ခြေစမ်းပွဲ ၂ ပွဲ ကစားမည်

ဓာတ်ပုံ - MFF
955
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအကြို ကြိုတင်ပြင်ဆင်တာလို့ ဆိုပါတယ်။
အဲဒီခြေစမ်းပွဲနှစ်ပွဲကို မန္တလေးမြို့ မန္တလာသီရိကွင်းမှာ မတ် ၂၁ ရက်နဲ့ ၂၃ ရက် ညနေ ၆ နာရီအချိန်မှာ ကျင်းပမှာဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ ဗီယက်နမ်အသင်းနဲ့ မချိတ်ဆက်မီ ထိုင်းအမျိုးသမီးအသင်းနဲ့ ခြေစမ်းကစားဖို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပေမယ့် နောက်ဆုံးအဆင့် ညှိနှိုင်းအပြီးမှာ ခြေစမ်းပွဲကို ယာယီရွှေ့ဆိုင်းခဲ့ပြီး ဗီယက်နမ်နဲ့ပွဲကို စီစဉ်ခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။