Home
မြန်မာသတင်း
ကော့သောင်းတွင် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ ပထမအကြိမ်ကျင်းပ
DVB
·
March 17, 2019
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲနဲ့ Miss ပြိုင်ပွဲကို မတ်လ ၁၆ ရက်နေ့ ညပိုင်းက ကော့သောင်းမြို့ မဉ္ဇူသက ခန်းမမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ “ကော့သောင်းမှာ အိမ်ထောင်သည် အလှမယ်တွေ အများကြီးရှိတယ်။ သူတို့က ရွက်ပုန်းသီးတွေပေါ့နော်။ သူတို့ရဲ့ခံစားချက်တွေကို မထုတ်ပြရဘူး။ အခုညီမသွားပြိုင်တဲ့ ပွဲက လည်း တိုင်းပေါင်းစုံပြိုင်တဲ့ပွဲရှိတယ်လို့ ကမ်းလှမ်းလာလို့ အရမ်းပျော်သွားတယ်။ ငါတို့ ကော့သောင်းက Miss တွေကို ပွဲထုတ်နိုင်ပြီပေါ့။ ဒီအခမ်းအနားကို ဘယ်လို အခက်အခဲရှိရှိ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်အခံနဲ့ လုပ်ခဲ့တာပါ” လို့ ပွဲစီစဉ်သူ ၂၀၁၈ ခုနှစ် အိမ်ထောင်သည် အလှမယ်ပြိုင်ပွဲ ပထမရရှိသူ မချမ်းကပြောပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၀ ကျော်ရှိပြီး အိမ်ထောင်သည် အလှမယ်မှာ ပ ဒု တ ၃ ဆုနဲ့ Miss ပြိုင်ပွဲမှာ ပဒုတ ၃ ဆု ချီးမြှင့်ပေးအပ်ပါတယ်။ အိမ်ထောင်ရှင် အလှမယ် ပထမဆုကို မချိုဇင်၊ ဒုတိယဆု မပွင့်လင်းဟန်သစ်နဲ့ တတိယဆုကို မဇူဇူးက ရရှိသွားပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024