ကျိုက်ထို ထမင်းဆိုင်တခုတွင် အခန်း ၇ ခန်းပါ တန်းလျားနှင့် မော်တော်ယာဉ် ၇ စီး မီးလောင်
DVB
·
March 17, 2019
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ တန်းလျား ၁ လုံးနဲ့ မော်တော်ယာဉ် ၇ စီး မီးလောင်ကျွမ်းခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မတ် ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်က ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျော်(ရွှေဘို) အညာသားလေး ထမင်းဆိုင်မှာ ဘုရားဖူးဧည့်သည်တွေ ခေတ္တတည်းခိုဖို့ ဆောက်လုပ်ထားတဲ့ အခန်း ၇ ခန်းပါ တောင်ထန်းမိုး၊ ထရံကာ ဝါးခင်း တန်းလျားမှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။
မီးလောင်ကျွမ်းမှုကြောင့် တန်းလျား ၁ လုံး၊ မော်တော်ယာဉ် ၇ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၄ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထမင်းဆိုင်ပိုင်ရှင်ကို ကင်မွန်းချောင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။