Homeမြန်မာသတင်း
အနံ့ဆိုးများကြောင့် မော်လမြိုင် သံလွင်ဈေးရှိ ငါးဒိုင်များ နှစ်ပတ်အတွင်း ပြောင်းရွှေ့မည်
အနံ့ဆိုးများကြောင့် မော်လမြိုင် သံလွင်ဈေးရှိ ငါးဒိုင်များ နှစ်ပတ်အတွင်း ပြောင်းရွှေ့မည်
DVB
·
March 17, 2019
အနံ့ဆိုးတွေ ထွက်ရှိနေတယ်လို့ တိုင်ကြားခံထားရတဲ့ မော်လမြိုင် သံလွင်ဈေးရှိ ငါးဒိုင်တွေကို ပြောင်းရွှေ့တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးက ပြောပါတယ်။
ငါးဒိုင်တွေကို ပြောင်းရွှေ့ဖို့အတွက် မော်လမြိုင် ကျောက်မီးသွေးရုံမှာ ဈေးသစ်တခု တည်ဆောက်ထားပါတယ်။
ဦးမင်းကျော်လွင်က “ကျနော်တို့ ပြောင်းဖို့ အားလုံးစီစဉ်ထားပြီပါပြီ၊ နှစ်ပတ်အတွင်း ပြောင်းမှာပါ” လို့ ပြောပါတယ်။
ဒါအပြင် ကျောက်မီးသွေးရုံဈေးကို ငါးဒိုင်များ ပြောင်းရွှေ့သွားတဲ့အခါ ပတ်ဝန်းကျင်မှာ အနံ့ဆိုး မထွက်ရှိရေးအတွက် မြောင်းတွေနဲ့ ရေစီးရေလာ ကောင်းမွန်ရေးကို စနစ်တကျ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ငါးဒိုင်လုပ်ငန်းရှင်တွေကတော့ ကျောက်မီးသွေးရုံဈေးဟာ အခန်းနေရာ ကျဉ်းမြောင်းတဲ့ အတွက်ကြောင့် အခက်အခဲ ရှိတယ်လို့ မော်လမြိုင် သံလွင်ဈေး ငါးဒိုင် ပိုင်ရှင်တွေက ပြောပါတယ်။
မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးကတော့ အခန်းနေရာ အကျယ်အဝန်းအတွက် ပေ ၂၀ ကျော်ပါဝင်တဲ့ အခန်းတွေအပြင် အခန်း အမျိုးအစား လေးမျိုး အထိ လုပ်ဆောင်ထားပါတယ်။
မော်လမြိုင် ကျောက်မီးသွေးရုံဈေးဟာ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေ ကျပ်သိန်း ၄၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်ထားဖြစ်ပြီး ငါး ဒိုင်တွေအတွက် သီးသန့်် အခန်း ၂၀ နဲ့ အခန်းပေါင်း ၁၀၀ ကျော် ပါရှိပါတယ်။
ဇော်လွင်ထွတ်