Homeမြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ချောက်မြို့တွင် ပြုလုပ်၊ လူ ၂၀၀၀၀ ခန့် တက်ရောက်
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ချောက်မြို့တွင် ပြုလုပ်၊ လူ ၂၀၀၀၀ ခန့် တက်ရောက်
DVB
·
March 17, 2019
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ချောက်မြို့မှာ လာရောက်ပူပေါင်း ဟောပြောပေးသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က “ပြည်သူရဲ့လွတ်လပ်ပိုင်ခွင့် ပြည်သူရဲ့ အချုပ်အခြာ အာဏာကို လူတစု စီးပိုးထားတဲ့ အရာမှန်သမျှ ပယ်ဖျက်ဖို့လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်နေသမျှ စစ်ကျွန်ဘဝ မလွတ်ဘူးဆိုတာနဲ့ စစ်ကျွန်ဘဝ လွတ်ခြင်ရင် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင် သို့မဟုတ် အသစ်ရေးဆွဲမှ ရမယ်” လို့ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်သူကို အကျိုးမပြုသော ပုဒ်မများ ဖျက်သိမ်းရေး၊ နိုင်ငံ အနာဂတ်လှပရေး၊ ဥပဒေပြင်ဆင်ရေး ကော်မတီ အောင်ရမယ် စတဲ့ကြွေးကြော်သံတွေနဲ့ ထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။
လူ ၂၀၀၀ လောက်ရှိ ပြည်သူလူထုက အေးစေတီဘုရား ခြေတော်ရင်း ရင်ပြင်မှ စတင်ပြီး လမ်းမတော်လမ်း၊ ဘောလုံးကွင်းလမ်းအတိုင်း အနော်ရထာ တံတားထိပ် ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံအထိ ချီတက်ခဲ့ကြပါတယ်။
ကိုလင်း(ချောက်)