Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် မန်လီကျေးရွာသား ၁၂ ဦးကို ပြန်လွှတ်ပေးရန် လားရှိုးတွင် ဆန္ဒပြ
ခွန်ဇော်ဦး
·
March 17, 2019
RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းက ဖမ်းဆီးထားတဲ့ နမ္မတူမြို့နယ် မန်လီကျေးရွာက ရွာသား ၁၂ ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေနဲ့ တအာင်းပြည်သူတွေ လားရှိုးမြို့မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA )က မတ်လ ၁ ရက်နေ့က ဖမ်းဆီးထားတဲ့ နမ္မတူမြို့နယ်၊ မန်လီကျေးရွာက ရွာသား ၁၂ ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက လားရှိုးမြို့မှာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒေသအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့လည်း အဓိကထား တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူက ပြောပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့ တအာင်းလူမျိုးတွေ နေထိုင်ရာ မြို့နယ်အသီးသီးက တအာင်းပြည်သူလူထုတွေ၊ တအာင်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ရဲ့ ပြန်ကြားရေးအရာရှိ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ခရီးသွားနေလို့ ဖုန်းလိုင်းမကောင်းဘူးလို့ပြောပြီး ဖုန်းလိုင်းကျသွားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024