Homeမြန်မာသတင်း
တိုင်းရင်းသားရိုးရာ အက၊ အလှ၊ တေးဂီတနှင့်အစားအသောက်ပွဲတော် ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်
တိုင်းရင်းသားရိုးရာ အက၊ အလှ၊ တေးဂီတနှင့်အစားအသောက်ပွဲတော် ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်
DVB
·
March 17, 2019
တိုင်းရင်းသားတွေရဲ့ကဏ္ဍကို မြှင့်တင်ချင်တဲ့ရည်ရွယ်ချက်ကြောင့် တိုင်းရင်းသားရိုးရာ အက၊ အလှ၊ တေးဂီတနဲ့ အစားအသောက်ပွဲတော်ကို မတ်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်ပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေရဲ့ ရိုးရာစားသောက်ဖွယ်ရာတွေနဲ့ တိုင်းရင်းသားအကတွေ ပါဝင်မှာဖြစ်ပြီး အစားအသောက်နဲ့ အဝတ်အထည်တွေကို ဆိုင်ခန်းပေါင်း ၆၀ ကျော် ဖွင့်လှစ်ပေးသွားမယ်လို့ ပွဲစီစဉ်သူ ကိုအောင်မြတ်က ပြောပါတယ်။
တိုင်းရင်းသားရိုးရာ အက၊ အလှ၊ တေးဂီတနှင့်အစားအသောက်ပွဲတော်ကို မတ် ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ၅ ရက်တာ ကျင်းပမှာဖြစ်ပြီး နေ့လယ် ၁၂ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
စုစု