ယူရိုပါလိဂ် ကွာတားဖိုင်နယ်တွင် အာဆင်နယ်-နာပိုလီ၊ ချဲလ်ဆီး-ဆလားဗီးယားတို့ တွေ့ဆုံ

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ အာဆင်နယ်က အီတလီကလပ် နာပိုလီ၊ ချဲလ်ဆီးက ဆလားဗီးယား ပရက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အတွက် ပွဲကြပ်တယ်လို့ ဆိုရမှာပါ။ စပိန်ကလပ် ဗီလာရီရဲလ်က တနိုင်ငံတည်းက ဗယ်လန်စီယာ၊ ပေါ်တူဂီကလပ် ဘန်ဖီကာ အသင်းကတော့ ဂျာမဏီက ဖရန့်ဖတ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဆင်နယ်နဲ့ နာပိုလီ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ဗီလာရီးရဲလ်နဲ့ ဗယ်လန်စီယာတို့ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာပါ။ ဒါကြောင့် ဆီမီးဖိုင်နယ်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ တွေ့မှာ မဟုတ်ပါဘူး။ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေကို ဧပြီ ၁၁ ရက်နဲ့ ၁၈ ရက်တွေ့မှာ ကစားရမှာပါ။  ယူရိုပါလိဂ် ဆီမီးပွဲစဉ်တွေကို မေလ ၂ ရက်နေ့ ၉ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကြမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up