ဟားမတ်စ်စခန်းများကို အစ္စရေး ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ - Reuters
1.2K
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပါလက်စတိုင်းနယ်မြေကနေ ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ပြီးနောက် မတ် ၁၅ ရက်နေ့က အစ္စရေးစစ်ဘက်ဟာ ဟားမတ်စ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။
အဆောက်အဦ ၄ ခုကို ထိမှန်တဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ စာရင်းကိုတော့ မသိရသေးပါဘူး။ အဲဒီအဆောက်အဦက လူတွေကို ကြိုတင်သတိပေးချက်နဲ့ ဘေးလွတ်ရာ ပြောင်းခဲ့တာပါ။
အစ္စရေးစစ်ဘက်ကတော့ ဂါဇာဒေသက အကြမ်းဖက်အဖွဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
နောက်ထပ် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနိုင်တာကြောင့် ဂါဇာနယ်စပ်အနီး အစ္စရေး နယ်မြေတွေမှာ ဒုံးကျည် သတိပေးဥသြ ဆွဲတာတွေ လုပ်ခဲ့ပါတယ်။
မတ်လ ၁၄ ရက်ညက အစ္စရေးနိုင်ငံ မြောက်ပိုင်း တဲလ်အဗစ်မြို့မှာ ဒုံးကျည်သတိပေးချက် ဥသြဆွဲခဲ့ပါတယ်။ တဲလ်အဗစ်မြို့ ဒုံးကျည်တိုက်ခိုက်တာကို ဟားမတ်စ်အဖွဲ့က သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။