ဗိုလ်ချုပ်မူတူးစေးဖိုးနှင့်အဖွဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မည်
DVB
·
October 10, 2012
ကေအန်ယူက ထုတ်ပယ်ကြောင်း ကြေညာခံထားရတဲ့ ကရင်အမျိုးသားတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့အဖွဲ့ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ ကရင်ပြည်နယ် မြ၀တီမြို့ ဆက်ဆံရေးရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မနေ့က ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်ပြီး ဆွေးနွေးမှုတခု ပြုလုပ်ခဲ့ပြီး အခုလို သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ကေအန်အယ်လ်အေ တပ်မဟာ ၇ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_31795" align="alignright" width="300" caption="ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး"][/caption]
မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း တပ်မဟာ ၁၊ ၄၊ ၆ နဲ့ ၇ က တပ်မဟာမှူးတွေ အပါအ၀င် အုပ်ချုပ်ရေးမှူးတချို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တွေ ပြန်လည်စည်းလုံး ညီညွတ်မှုရရှိရေးအတွက် အဓိကထား ဆွေးနွေးခဲ့ပြီး ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ပြန်လည် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အသေးစိတ်အချက် အလက်တွေကို လာမယ့် ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားမယ်လို့ တပ်မဟာ ၇ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။