မြောင်းမြအကျဉ်းထောင်တွင် ထောင်ဝင်စာလာတွေ့သူထံက မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
March 14, 2019
ဧရာဝတီတိုင်း မြောင်းမြအကျဉ်းထောင်ကို ထောင်ဝင်စာလာတွေ့သူ တဦးထံကနေ WY ခေါ် စိတ်ကြွဆေးပြား ၃၉၀ ပြားနဲ့ အိုက်စ်အဖြူရောင်အခဲ ၁.၂၅ ဂရမ်ကို မတ်လ ၁၃ ရက်က ဖမ်းမိခဲ့ပါတယ်။
မြောင်းမြထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကိုနေလှိုင်းကို ထောင်ဝင်စာလာတွေတဲ့ ကိုဟိန်းမင်းလတ်(ခ)မင်းမင်းယူဆောင်လာတဲ့ ထောင်ဝင်စာပစ္စည်း လက်ဖက်ထုတ်ကို မသင်္ကာတာလို့ စစ်ဆေးရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဟိန်းမင်းလတ် (ခ)မင်းမင်းနဲ့ လူသတ်မုဒိမ်းမှုနဲ့ ထောင်(၁၅)နှစ် ကျခံနေတဲ့ ကိုနေလှိုင်းတို့ ကို မူး/စိတ် ပုဒ်မ၁၉(က)/၂၁အရ စစ်ဆေးနေပါတယ်။