Live
Home
မြန်မာသတင်း
အောင်ပန်းတွင် ယာဉ် ၂ စီးတိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ
DVB
·
March 14, 2019
ရှမ်းပြည်နယ် အောင်ပန်းမြို့အ၀င် ဆိုင်းဘုတ်အနီးမှာ ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားလို့ အမျိုးသမီးတဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၇၈/၂-၃)ကြားမှာ မတ် ၁၃ ရက်နေ့ ၆ နာရီခွဲလောက်က  ကောင်းခန့် မောင်းနှင်တဲ့ ၆ ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက ရန်နိုင်ဦး မောင်းနှင်ပြီး အမျိုးသမီး ၁၄ ဦး လိုက်ပါလာတဲ့ယာဉ်တို့ တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုကြောင့် မဆင့်ဆိုသူ အမျိုးသမီး ၁ ဦး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး  ယာသ်မောင်းအပါအ၀င် အမျိုးသမီး ၉ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့လို့ အောင်ပန်းမြို့ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကောင်းခန့်ကို အောင်ပန်းနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က( ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန်နာကျင်စေမှု၊ လူသေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024