Home
အနုပညာ
က​လေးငယ်​ ၁၂၀ ကျော်ကို အခြေခံ ပန်းချီ၊ ကာတွန်းပညာ အခမဲ့သင်ကြား
DVB
·
March 14, 2019
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပင်ကျေးရွာမှာ မတ် ၁၂ ရက်နေ့ကစပြီး ကျောင်းသားကျောင်းသူ ၁၂၄ ယောက်ကို အခြေခံပန်ချီနဲ့ ကာတွန်းပညာ အခမဲ့သင်တန်းဖွင့်လှစ်သင်ကြားပေးနေပါတယ်။ စီစဉ်သူ ​ရွှေကျွန်း ခိုင်​သစ်က ''ကလေးတွေမှာ ပန်းချီအခြေခံလေးတွေရှိမယ်ဆိုရင် ကျောင်းသင်ခန်းစာ ကျောင်းပြဋ္ဌာန်းချက်မှာပါတဲ့ ပုံကို မြန်မြန်ထက်ထက် ဆွဲလို့ရမယ်။ ကျောင်းက အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားတဲ့ ကလေးတွေအတွက်လည်း ပန်းချီးအမြင်လေးတွေ ရစေချင်တယ်။ ဒါကြောင့် ဒါကြောင့် လုပ်တာပါ” လို့ ပြောပါတယ်။ သင်တန်းကို ရန်ကုန်မြို့ ဟိန်းတက် ဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာက ကူညီပံ့ပိုးပေးတာဖြစ်ပြီး ၁၉ ရက်ကြာ သင်ကြားပေးမှာပါ။ သင်တန်းဆရာ ကာတွန်းဆရာ ရွှေရိုးက “ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျေးလက်ဒေသ ကလေးတွေရဲ့ ဝါသနာလေးတွေ၊ ဘဝအတွက် စိတ်နှလုံးသားတွေ ပြုပြင်ချင်တယ်။ ကလေးတွေ စိတ်နှံလုံးသားတွေ နူးညံအောင်လည်းဒီလိုဒေသမျိုးမှာ လာပြီးတော့ လုပ်တာပါ” လို့​ပြောပါတယ်​။ သင်တန်းမှာ အခြေခံပန်းချီ၊ ကာတွန်းပညာရပ်တွေကို လူခန္ဓာပုံသဏ္ဌာန် ရေးဆွဲတာ၊ သဘာဝပတ်ဝန်ကျင်းရေးဆွဲနည်းတွေ၊ ခဲပန်ချီ၊ ဆေးရောင်ခြယ်​နည်းနဲ့ မှင်နဲ့ ရေးဆွဲတာ စတာတွေကို စဉ်းစားပုံနည်း၊ တွေးခေါ်ယူဆမှုတွေနဲ့ သင်ကြားသွားမယ်လို့ ဆိုပါတယ်။ အခြေခံပန်းချီ ကာတွန်း သင်တန်းကို ကာတွန်းဆရာကြီး အောင်အောင် (ရွှေဂေါင်းပြောင်)၊ ပန်းချီဆရာကြီး ကောင်းစံတို့က ကြီးမှူးပြီး သင်တန်းနည်းပြဆရာတွေအဖြစ် ဆရာ ကာတွန်း ခင်မောင်တင့်၊ ဆရာရေရိုး၊ ဆရာကာတွန်း စောနိုင်တို့က သင်ကြားပြသမှာပါ။ သင်တန်းကို လက်​ပန်​ပင်​​ကျောင်းတိုက်မှာ ​ပြုလုပ်​ပြီး သာယာအေးရပ်ကွက်၊ ကမ္ပဝတီရပ်ကွက် နဲ့ လက်ပန်ပင်ကျေးရွာ၊ မြေစွန်းကျေးရွာ၊ တောင်ဇင်၊ ပင်းချောင်းကျေးရွာတွေက KG သူငယ်တန်းကနေ သတ္တတန်း ကျောင်းသားကျောင်းသူ ၁၂၄ ဦး လာရောက် သင်ကြားကြတယ်​လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024