တကျော့ပြန် ရီးရဲလ်နည်းပြ ဇီဒန်း အသင်းနှင့် ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ် စတင်

ရီးရဲလ်နည်းပြ ဇီဒန်းဟာ အသင်းကို တကျော့ပြန် ရောက်ရှိလာပြီးနောက် ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်ကို မတ်လ ၁၃ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ ဇီဒန်းဟာ တနင်္လာနေ့က ရီးရဲလ်အသင်း နည်းပြရာထူးကို တရားဝင်လက်ခံခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်ခန်း စတင်ပြုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းတိုက်စစ်မှူး ဘန်ဇီမာနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုနေတာလည်း မြင်တွေ့ခဲ့ရပြီး အသင်းခေါင်းဆောင် ရာမို့စ်ကိုလည်း လက်ခုပ်တီး အားပေးနေတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် ရီးရဲလ်အသင်းသား အားလုံးကိုလည်း ကွင်းထဲမှာ တွေ့ဆုံစကားပြောခဲ့ပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ကြပါတယ်။ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ပြင်သစ်နည်းပြ ဇီဒန်းဟာ တနှစ်လုပ်ခအဖြစ် ပေါင် ၁၁ သန်းဝန်းကျင်ပဲ ရမှာဖြစ်ပြီး ပြိုင်ဘက် အက်သလက်တီကိုနည်းပြ ဆီမြွန်နီကတော့  ဇီဒန်းထက် နှစ်ဆကျော်များတဲ့ ပမာဏအဖြစ် တနှစ်ကို ပေါင် ၂၂ သန်းခန့် ရရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up