ပိုကောင်းသည့် စွမ်းဆောင်ရည်များ ပြသဖို့ရှိဟု မန်စီးတီးနည်းပြ ပြော

1K
ရှော်ကေးအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အဲဒီထက်ပိုတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရှိသေးတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် ရှော်ကေးနဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး စတာလင်နဲ့ ဆာနေးတို့ ခြေစွမ်းပြ ကစားခဲ့ကြပါတယ်။
ပွဲမတိုင်ခင်က ပြောထားတဲ့အတိုင်းပဲ မိမိတို့အသင်းဟာ ချန်ပီယံလိဂ်မှာ ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး ငယ်ရွယ်တဲ့ ကစားသမားတွေမှာ စိတ်ရှည်မှု၊ သည်းခံမှုနဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ရှိကြပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ်မြောက် တက်ရောက်ဖို့ ကြိုးစားမယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ အက်သလက်တီကို အသင်းတို့ ပြိုင်ပွဲက ထွက်သွားရတာဟာလည်း မျှတမှုမရှိဘူးလို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။