Home
ရုပျသံ
မိန်းကလေးအသွင်ဖြင့် နေတိုးပါဝင်သရုပ်ဆောင်ထားသည့် တာတူးရုပ်ရှင်(နမူနာ)
DVB
·
March 13, 2019
   လာမယ့် မတ်လ ၁၅ ရက်မှာ ရုံတင်ပြသတော့မယ့် တာတူးအမည်ရတဲ့ ရုပ်ရှင် ကားထဲမှာတော့ ပရိသတ်အချစ်တော် နေတိုးက ထူးထူးခြားခြား ဇာတ်ကောင်စရိုက်တမျိုးနဲ့ ပါဝင်ထားခဲ့ပါတယ်။     ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကျော် ဇောလင်းက ပုံဖော်ရိုက်ကူးပေးထားခဲ့တာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ နေတိုးက နေတိုးက ဟော်မုန်းဆေးစားမိပြီး မိန်းကလေးစိတ် ဝင်သွားသူ တယောက်အနေနဲ့ သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး သူနဲ့အတူ တခြားသရုပ် ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည်နဲ့ တခြားသရုပ်ဆောင်တွေ အ များကြီးက တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။     မိန်းကလေးတယောက်လို ၀တ်စားဆင်ယင်ထားပြီး သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက တာတေကြီးရုပ်ရှင်ကားထဲမှာ ရှုစားခဲ့ကြဖူးပြီး  သဘောကျနှစ်သက်မှု တွေ၊ အားပေးမှုတွေလည်း ရရှိထားခဲ့တာပါ။     နေတိုးဟာ ၂၀၀၉ ခုနှစ်က မိုးညအိမ်မက်မြူ ၊ ၂၀၁၅ ခုနှစ်က  နက္ခတ်မှားတဲ့ တိုက်ပွဲ ၊ ၂၀၁၇ ခုနှစ်က တာတေကြီးစတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ရရှိထားသူတဦး ဖြစ်ပါတယ်။     တာတူးရုပ်ရှင်ကားထဲမှာတော့ ဘယ်လို ရယ်မောစရာ၊ ပျော်ရွှင်စရာ၊ ကြေကွဲစရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားမလဲ၊ ဘယ်လိုသရုပ်ဆောင်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုခံစားကြရတော့မှာ ဖြစ်ပါတယ်။     မြန်မာဝတ်စုံနဲ့တမျိုး၊ Sexy ကျကျ ၀တ်စုံတွေနဲ့တမျိုး ပုံစံအမျိုးမျိုးနဲ့ နေတိုးရဲ့ သ ရုပ်ဆောင်မှုတွေပါဝင်တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024