ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်
DVB
·
October 10, 2012
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဒီနေ့ မနက် ၃ နာရီဝန်းကျင်မှာ တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံတရုံရဲ့ အထူး ကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ တို့ဗမာအစည်းအရုံးဝင် သခင် တဦး လည်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ ဦးဆောင်မှုနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ လာမယ့် ဒီဇင်ဘာမှာ အသက် ၉၃ နှစ်ပြည့်မှာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇောနဲ့ ဒေါ်စန်းကျော်ဇော သားသမီး ၃ ဦး သက်ရှိထင်ရှား ကျန်ရစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်သွားတဲ့အပေါ် ဗမာပြည်ကွန်မြူနစ်ပါတီကလည်း ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။